Capture crop

ယနေ့ ဒုတိယဝါဆိုလဆန်း ၁၀ ရက် (26.7.2015)တနင်္ဂနွေနေ့ ရွှေဘိုမြို့နယ် သီလုံးစံပြကျေးရွာ ကန်ရင်းကျောင်းဓမ္မစကူးလ်သို့ကျောင်းသား (၈၁) ယောက်တို့သည် ဗုဒ္ဓစာပေ များကိုတက်ရောက်သင်ကြားကြပါသည်။ မိုးရွာ၍လူမစုံသဖြင့် စာသင်ခန်းစာအသစ်မသွားပါပဲ အားလုံးစုပေါင်း ကာ ဝါဆိုလကဗျာ ၂ ပုဒ်သင်ပေးပါသည်။ ကျား ၃၁ မ ၅၀ ပေါင်း ၈၁ ယောက်ဖြစ်ပါသည်။ အာဟာရကုသိုလ်ရှင် ဦးခိုင်ဦး+ဒေါ်ကေသီခိုင် သမီး မjj မ ggတို့ဖြစ်ကြပါတယ်။

Read More

ယနေ့ ဒုတိယဝါဆိုလဆန်း ၃ ရက် (19 . 7 . 2015) တနင်္ဂနွေနေ့ / အာဇာနည်နေ့။ ဝါဆိုပွဲ လမြတ်ဝါဆို သည်ကာလမို့၊ ပန်းခူးကြစို့ကပ်လှူရန်။ မလေးအသံ ညံညံပေးတော့၊ မြန်မြန်ပြေးပေါ့ မထွေးဇံ။ စေတီမြတ်ထံ ပန်းကပ်ပြီးသော်၊ ဘုန်းကြီးကျောင်းပေါ် သွားမည့်ဟန်။ သင်္ကန်းလှူရန် အတူနွဲလို့၊ အလှူပွဲမို့ ပျော်ကြပြန်။ ပျော်ကြပြန် ပျော်ကြပြန်။ ယင်းကဗျာကို လှည့်လည်ရင်း ဓမ္မစကူးလ်ကျောင်းသူ ကျောင်းသားများညီညီညာညာရွတ်ဆိုကြပါသည်။ ရွှေဘိုမြို့နယ် သီလုံးစံပြကျေးရွာ ကန်ရင်းကျောင်းဓမ္မစကူးလ် ဆရာ ဆရာမ ကျောင်းသား ကျောင်းသူ ၃၅၀ ကျော်တို့သည် ညနေ ၄ နာရီတွင်ကျောင်းထိုင်ဆရာတော် ၂ ပါးနှင့် သာသနာအသက်သွေးကြောဖြစ်သော ကိုရင် ၇ ပါးအားဝါဆိုသင်္ကန်း ဝါဆိုပန်းတို့ကိုကပ်လှူပူဇော်ပြီး နိုင်ငံအတွက်အသက်ပေးဆပ်သွားကြသော ဗိုလ်ချုပ်အောင်ဆန်းအစရှိတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအား ပြုသမျှကုသိုလ်အဖို့ကို အမျှအတမ်းပေးဝေကြ ပါသည်။

Read More

မိဘမေတ္တာ ********* မိဘဆိုတာအမြဲတမ်းသားသမီးအပေါ်မှာ အချစ်မေတ္တာတွေ စီးဆင်းနေလျှက်ပါ၊ လူမပြောနဲ့ အဟိတ်တိရစ္ဆာန်ပင် ဖြစ်ပါစေ ကိုယ့်သားသမီးအပေါ်ကျရောက်လာမည့် အန္တရာယ်တွေကို ရှေ့ကနေမားမားမတ်မတ်ကာကွယ်စောင့် ရှောက်ကြစမြဲဆိုတာကို သားသမီးတိုင်းသိကြလျှက် မိဘတွေကို ကျေးဇူးဆပ်သင့်လှပါသည်။

Read More

အတုယူစရာ

     က​လေး​တွေဟာ ရိုးသားကြတယ်​ မခိုမကပ်​ကြဘူး ဒီအရွယ်​က​လေးမှာ သူတို့စွမ်းရာ​လေးနဲ့ ​နေပူတာကိုလည်းမမှု ကျူရှင်​​တွေလည်း ဂရုမပြု တနင်္ဂ​နွေတ...
Read More